Events

“JUBILEE 35th International Scientific & Expert Meeting of Gas Professionals”

Updated At: 2020-02-19 05:19:40

“JUBILEE 35th International Scientific & Expert Meeting of Gas Professionals” ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ခရိုအေးရှားနိုင်ငံ၊ Opatija မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ဘရပ်ဆဲလ်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးမှတဆင့် သိရှိရပါသည်။ ယင်းပြပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် စွမ်းအင်နှင့်ဓါတ်ငွေ့လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများအတွက် ယင်းတို့၏ ထုတ်ကုန်များနှင့် ဆောင်ရွက်ချက်များအား ဖော်ထုတ်ပြသနိုင်ခြင်း၊ တိုးတက်ပြောင်းလဲနေသည့် စေျးကွက်တွင် စီးပွားရေးအခွင့်အလမ်းအသစ်များအား ဖန်တီး ဖော်ထုတ်နိုင်မည့် အခွင့်အရေးတစ်ရပ်ရရှိမည်ဖြစ်ပါသည်။ ကွန်ဖရင့်တွင်ပါဝင်ဆွေးနွေးလိုပါက Abstracts များကို ၂၀-၁-၂၀၂၀ ရက်နေ့နောက်ဆုံးထား၍ အွန်လိုင်းမှတဆင့် ပေးပို့ရန်ဖြစ်ကြောင်း၊ Exhibition တွင် ပါဝင်ပြသလိုပါက ပူးတွဲပါပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်၍ Organizer ထံသို့ အီးမေးလ်ဖြင့် ပေးပို့ရန်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို http://susret.hsup.hr တွင် ဝင်ရောက် ကြည့်ရူ့နိုင်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ စွမ်းအင်နှင့်ဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင်လုပ်ကိုင်သူများ တက်ရောက်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ဖိတ်စာများကို (၁၇-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက Email: [email protected] နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။

Read more